top of page
Search

အတိုင်းအတာဆိုတာ ရှိတယ်

Sep 2, 2021
1 min read

တချို့လူတွေဟာ သူတစ်ပါးရဲ့ နားလည်မှု၊ သည်းခံမှု၊ခွင့်လွှတ်မှုကို သိပ် အခွင့်ကောင်းယူကြတယ်။ နားလည်ပေးနေမှန်း သိရင် "ငါဘာပဲလုပ်လုပ်ရတယ်" ပုံစံနဲ့နေပြီး ခဏခဏ စိတ်ပျက်အောင်လုပ်တယ်။ သည်းခံပေးနေမှန်းသိရင် ရောင့်တက်တယ်။ ခွင့်လွှတ်ပေးနေမှန်းသိရင်လည်း အမွားတွေ ထပ်ခါတလဲလဲကျူးလွန်ဖို့ ဝန် မ လေး ကြတော့ဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို နားလည်မှုပေးနေတယ်ဆိုတာဟာ နောက်တစ်ကြိမ် သူ့ကို စိတ်ပျက်အောင် ထပ်လုပ်ဖို့ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို သည်းခံနေတယ်ဆိုတာဟာ နောက်တစ်ကြိမ် သူ့အပေါ် ရောင့်တက်စော်ကားလာဖို့ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ခွင့်လွှတ်မှုပေးတယ်ဆိုတာ နောက်ထပ်တစ်ကြိမ် သူ့ကို အဲဒီလိုအမွားမျိုး ထပ်ကျူးလွန်လာဖို့ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ အဲဒါတွေ သိထားဖို့လိုတယ်။ ဘယ်သူမဆို အတိုင်းအတာတစ်ခုထက် ကျော်လွန်လာရင် ဘယ်လောက်ပဲ ချစ်ခင်မြတ်နိုးနေပါစေ လက်လွှတ်ပစ်လိုက်ဖို့ ဝန်လေးမှာ မဟုတ္ဘူးလေ...။ အရမ်းပင်ပန်းလာရင် လွှတ်ချမိမှာပဲ။ အဲဒီလိုနဲ့ပဲ သူတစ်ပါးအပေါ် အခွင့်ကောင်းယူပြီး အနိုင့်ကျင့်တတ်ကြတဲ့သူတွေဟာ နောက်ဆုံး နောင်တတရားတွေနဲ့ ကျန်ရစ်ဖြစ်ရပါတော့တယ်။ ။ 🏡ဆက်သွယ်ရန် လိပ်စာ 📬Y-Tech Education Center (YOUTH TECHNOLOGY) 🔷➖➖➖➖➖➖➖🔷 🏫Coming soon: ကျောက်တော်မြို့၊ ရခိုင်ပြည် 🏫Centre (1)= ခြံအမှတ် (13၊အေ) ၊ လှည်းတန်း (၁)လမ်း၊ လှည်းတန်းစင်တာ အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း၊ 🏫Centre (3)= ဗိုလ်မင်းရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်၊ ☎ 09 252735832, 09 253482803 Facebook Page : Y-Tech #ခေါင်းဆောင် #အရည်းအချင်း #ရခိုင်လူငယ်တိုင်းကွန်ပျူတာနည်းပညာလေ့လာသင်ယူနိုင်ရဖို့ #ရခိုင်လူငယ် #ကွန်ပျူတာ #computer #technology #ကွန်ပျူတာသင်တန်း #နည်းပညာ #training #Rakhine #ytech #ရခိုင် #Y-Tech Education #YTECHEDUCATION #ဟန်မင်း(Nightmare&Deep)

 
 
 

Comments


bottom of page