

Student Life
The student life is the most valuable time in our life. It is the time when we can shape our future. If we have good training in our student life, we can be good citizens in our future life.
ကျောင်းသား ဘဝသည်ကျွန်ုပ်တို့၏ဘ၀တွင် တန်ဖိုးအရှိဆုံးအချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏အနာဂတ်ကိုပုံသွင်းနိုင်သည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏ကျောင်းသားဘ၀တွင် ကောင်းမွန်သောလေ့ကျင့်မှုရှိပါကကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏အနာဂတ်ဘ၀တွင်ကောင်းမွန်သောနိုင်ငံသားများဖြစ်နိုင်ပါတယ်။
Open Enrollment
ယနေ့ခေတ်တွင်ကွန်ပျူတာစွမ်းရည်သည်မရှိမဖြစ်လိုအပ်လာပါသည်။ မိတ်ဆွေအဆင်ပြေ နားလည်လွယ်သောဘာသာစကားဖြင့်သင်ယူရန်လိုအပ်ပါမည်။ ဒါမှမဟုတ်သင့်မှာကွန်ပျူတာနည်းပညာတတ်မြောက်နိုင်သည့်စွမ်းရည်ရှိကောင်းရှိနိုင်ပါတယ်။ မိတ်ဆွေ၏အခြေခံအားဖြင့်အွန်လိုင်းအစပြုကွန်ပျူတာအခြေခံသင်တန်းများကိုလည်းတက်ရောက်ရန်လိုအပ်လိမ့်မည်။ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် Y-Tech Computer Training မှာ မိတ်ဆွေအဆင်ပြေသလို သင်ယူလေ့လာနိုင်ရန်
အသင့်ရှိနေပါမည်။
(အခုပဲ Y-Tech တွင် သင်တန်းအပ်နှံလိုက်ပါ)


iOffice (Advanced)
သင်တန်းကာလ - (၂) လ
ကွန်ပျူတာပညာရပ်ကို စတင်လေ့လာမည့်သူများ၊ ရုံးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းများတွင် စနစ်တကျလုပ်ကိုင်တတ်စေရန် Email, Internet အပါအဝင် အခြေခံမှစ၍ တတ်မြောက်သည်အထိ သင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။
Windows 10 • Word 2013 • Excel 2013 • Power Point 2013 • Using Internet • Adobe PageMaker Application များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလိုသူများအတွက်စနစ်တကျ အသုံးပြုတတ်စေရန် သင်ကြားပေးမည့်သင်တန်းဖြစ်ပါသည်။
Graphic Design
သင်တန်းကာလ - (၂) လ
ကြော်ငြာဒီဇိုင်းများ - ဖိတ်စာအမျိုးမျိုး - တခြားဒီဇိုင်းများဖန်တီးနိုင်စေရန် ၊ လုပ်ငန်းခွင်တွင် အသုံးပြုနေရသောဒီဇိုင်းများကို ကိုယ်ပိုင် ideas များဖြင့် ပေါင်းစပ်ပြီး လက်တွေ့ရေးဆွဲနိုင်စေရန် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ၊ကြော်ငှာလုပ်ငန်းနှင့် ကွန်ပြူတာဖြင့် ဓာတ်ပုံများကို ပြုပြင်နိုင်စေရန် Designer ကောင်းတစ်ယောက် ဖြစ်စေရန် သင်ကြားပို့ချပေးမည့် သင်တန်း ဖြစ်ပါသည်။
Adobe Photoshop CS5 •Adobe Illustrator CS5
Excel Advanced Course
သင်တန်းကာလ - (၂) လ
Excel ပိုင်းဖြင့် Accounting ဖြင့် လုပ်ငန်းဝင်လိုသူများ Excel ကိုကျွမ်းကျင်စာအသုံးပြုတတ်လိုသူများအတွက်
လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အဓိကဦးစားပေးသင်ကြားပေးမည့် Course တစ်ခုဖြစ်ပါသည်။
Microsoft Excel
Excel for Accounting
သင်တန်းကာလ - (၂) လ
လုပ်ငန်းခွင်သုံးကွန်ပျူတာ စာရင်းကိုင်သင်တန်း
Microsoft Excel တွင် အရေးပါအသုံးဝင်တဲ့
Formula, Functions, Tools များကိုစုံလင်စွာဖြင့်
အခြေခံမှစပြီး Advanced အဆင့်ထိ လုပ်ငန်းခွင်တွင်
လက်တွေ့အသုံးပြုနိုင်စေရန်သင်ကြားပေးသည့်
သင်တန်းဖြစ်ပါသည်။
Microsoft Excel
SIGN UP FOR SCHOOL NEWS
Stay up-to-date with the latest news


Kyaw Kyaw Naing
Y-Tech ကွန်ပျူတာသင်တန်းဟာ ရခိုင်ပြည်နယ်အတွင်း လူငယ်တွေအတွက် နည်းပညာတက်မြောက်နိုင်ရေးအတွက်အကောင်းဆုံးသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်၊ သင်တန်းတက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကို ကျွမ်းကျင်စွာ ပြုပြင်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ပါတယ်။
ယခုသင်တန်းမှ ကျနော်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို
ပြည်စုစေခဲ့ပါတယ်။

Nyein Chan Oo
သင်တန်းတက်ရတာ ကိုယ့်အတွက် တကယ်ထိရောက်ပါတယ်။ အရင်ကမသိခဲ့တဲ့ သိပြီးနားမလည်ခဲ့တဲ့အပိုင်းတွေကိုပါ Y-Tech မှာသင်တန်းတက်ပြီး တကယ်နားလည်သိလာခဲ့တယ်။ စာတွေချည်းသင်တာမဟုတ်ဘဲ ဘယ်အရာတွေက လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာတွေပါပြောပြပေးလို့ ဗဟုသုတလည်းရခဲ့ပါတယ်၊ Y-Tech မှဆရာများကိုလည်း ကျေးဇူးတင်ပါတယ်၊

Cho Cho Than
Y-Tech မှရခိုင်ပြည်တွင်းအခမဲ့ပို့ချတဲ့သင်တန်းမှာတက်ရောက်လို့ အဆင်ပြေပြီး အခမဲ့သင်တန်းဆိုပေမဲ့သေသေချာချာနားလည်အောင်သင်ကြားပေးပါတယ်၊
ဆရာတွေလည်းသဘောကောင်းပြီး စိတ်ရှည်ကြလို့တက်ရတာအတော်အဆင်ပြေပါတယ်။

Myo Zaw Oo
သင်တန်း Course တွေကိုသေချာသင်ကြားပေးလို့ နားလည်လွယ်ကူပြီး သင်ယူရတာပိုအဆင်ပြေခဲ့ပါတယ်၊ ရခိုင်ပြည်တွင် အင်တာနက်မရရှိတဲ့ကာလာမှာ အချိန်ပေးသင်ကြားပေးတဲ့ဆရာကိုလည်း အများကြီးကျေးဇူးတင်ပါတယ် ရခိုင်ပြည်တွင်းမှလူငယ်များကို
နည်းပညာပိုင်းတွေမြင့်မားလာအောင် အခမဲ့သင်ကြားပေးတဲ့အတွက် ကျနော့်တို့ရခိုင်လူငယ်တွေအတွက် အခွင့်ရေးတစ်ခုဖြစ်စေပါတယ်။

Ma San Win
Y-Tech မှာသင်တန်းတက်ရတာပျော်စရာလည်း ကောင်းပါတယ်၊ သင်ပြတဲ့အခါမှာလည်း နားမလည်သည့်အရာများကို ထပ်ကာထပ်ကာ ရှင်းပြပေးတယ် သင်တန်းရက်ပျက်ခဲ့ရင်တောင် နောက်နေ့တွင် မသင်လိုက်ရတဲ့သင်ခန်းစာတွေကို အချိန်ပေးပြီး သင်ကြားနိုင်အောင် စီစဉ်ပေးလို့အတော်အဆင်ပြေပါတယ်။








