top of page

OUR SCHOOL

ကျွန်ုပ်တို့သင်တန်းကျောင်း၏ အဓိကရည်ရွယ်ချက်မှာ ရခိုင်ပြည်တွင်းမှလူငယ်များနှင့်ကျောင်းသားများ၏အနာဂတ်ကိုပုံဖော်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်လူငယ်တို့၏ ဘ၀တွင်ရှိနှင့်ပြီးဖြစ်သော လူငယ်တို့၏အရည်အသွေးကို အကောင်းဆုံးနှင့်အထိရောက်ဆုံးထောက်ပံ့ကူညီလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏သင်တန်းသည် လူငယ်တိုင်းတွင် မရှိမဖြစ်လိုအပ်လာမည့်နည်းပညာများစွကိုကောင်းစွာအထောက်အကူပြုပြီး အသက်မွေးဝမ်းကျောင်းမှုဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်းကျွန်ုပ်တို့ဆောင်ရွက်ပါသည်။ ထို့အပြင်ကျွန်ုပ်တို့ကိုယ်တိုင်ကောနောက်ထပ်လေ့လာမှုများအတွက်အမြဲတမ်းမြင့်တင်ခြင်းအဆင့်ကိုဂရုတစိုက်ပြုလုပ်နေပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့ Y-TECH COMPUTER TRAINING (YOUTH TECHNOLOGY)သည် ရခိုင်ပြည်အတွင်း လူငယ်တွေကို အဓိကရည်ရွယ်ပြီး အခမဲ့သင်တန်းအစီစဉ်တွေလည်း စီစဉ်ပေးလျှက်ရှိပါသည်။

viber image.jpg
Marathon in the City

ရည်မှန်းချက်

တီထွင်ဖန်တီးနိုင်စွမ်း ရှိသော လူငယ်များအတွက် နည်းပညာပိုင်း ပညာရေးပိုင်း အသိုက်အဝန်းများ၊အခွင့်အလမ်းများ နှင့် အတွေ့အကြုံများပေါ် အခြေခံပြီး လူငယ်တစ်ဦးချင်း၊ တစ်ယောက်ချင်း လူငယ်တစ်စုချင်း မှသည်ရခိုင်တမျိုးသားလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေးပိုင်း နည်းပညာများဖြင့် အောင်မြင်သော လူသားအရင်း အမြစ်များ တိုးတက်သော အမျိုးသားတရပ်ဖြစ်ပေါ်လာစေရေး။

 

မြန်မာပြည်အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပညာလာရောက် သင်ကြားနိုင်သည့် နွေးထွေးကြင်နာပြီး လုံခြုံစိတ်ချရသည့် သင်တန်းကျောင်းကြီး တစ်ခုဖြစ်ပေါ်လာစေရန်။

 

ရခိုင်လူငယ်လူရွယ်တိုင်း နိုင်ငံတကာစံနှုန်းအညီ ပညာသင်ယူနိုင်ရန်နှင့်နိုင်ငံတကာအသိအမှတ်ပြူဘွဲ့၊ဒီဂရီများကို သင်ကြားနိုင်ရန် အသင့်တင့်ဆုံး ဈေးနှုန်း၊(အခမဲ့)အစီစဉ်ပုံစံများဖြင့် စီစဉ်ပေးပြီး ရခိုင်ပြည်အတွင်း ပညာတတ်များ ပေါ်ထွန်းလာစေရန်။

Aerial View of City

မျှော်မှန်းချက်

ရခိုင်ပြည်တွင်းမှ လူငယ်လူရွယ် ကျောင်းသား/သူများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နည်းပညာနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်များကို နိုင်ငံတကာ တက္ကသိုလ် ကောလိပ်ကြီးများ နှင့် ချိတ်ဆက်ပြီး သင်ကြားပေးနိုင်ရန်။

 

ပညာတတ် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်။

ရခိုင်ပြည်မှ လူငယ်လူရွယ်များ မြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်။

ပညာရေးလူမှုရေးစီးပွားရေးအားဖြင့် ရခိုင်ပြည်သည် ယခုထက်ပိုပြီး

တိုးတက်သောပြည်ထောင်တစ်ခုအနေနဲ့ရပ်တည်နေနိုင်စေရန်။

bottom of page